ဓားတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်မည်
“ဓားတောင်” တွင်အဓိက ဇာတ်ဆောင် လေးဦးသာ ပါပါသည်။ ဇာတ်ဆောင် လေးဦးတို့ အနက် တစ်ဦးမှာ အလုပ်သမားသံချောင်း၊ နောက်တစ်ဦးမှာ အိမ်ပြေး ရဲမြင့်၊ နောက်တစ်ဦးမှာ ကဗျာဆရာ ယောင်ယောင် ဘာယောင်ယောင်ဖြင့် အလုပ်လက်မဲ့ဖြစ်နေသော ပညာတတ် ကိုနန္ဒာနှင့် မှောင်ခို စက်လှေ ပိုင်ရှင် ဦးဘရန်တို့ဖြစ်ပါသည်။၊
သူတို့လေးဦးသည် သင်္ဘောပျက်ပြီး ကျွန်းကလေး တစ်ကျွန်းပေါ်သို့ ရောက်သွားသည့်အခါတွင် .....
ကံ့ကော်မြိုင်စာတမ်း
စာတမ်းဆိုတော့ဝတ္ထုအညွှန်းတော့မဟုတ်ပါ။ ဒီစာအုပ်အကြောင်းကိုပြောချင်၍ရေးမိပါသည်။ ဒီစာအုပ်ထဲမှာ ၉တန်း ၁၀တန်းတုန်းက သင်ခဲ့ရတဲ့ စာတွေလဲပါပါတယ်။ စာသင်တုန်းကတော့ ကျက်ရုံကျက်ခဲ့တာဆိုတော့ စာရဲ့ အရသာကို မခံစားတတ်ခဲ့ပါ။ တက္ကသိုလ်ရောက်ချိန်မှ ဒီစာအုပ်တွေ့သည်။မာတိကာလှန်ကြည့် တော့မှ သြော် ငါတို့ကျောင်းသားတုန်းက ကျက်ခဲ့တဲ့စာတွေပါနေပါလားဆိုပြီး သတိထားမိပြီး ဝယ်ဖတ်ဖြစ်ပါတယ်။ အမှာစာကိုထပ်မြည်းကြည့်သည် ဆရာဇော်ဂျီက စာတမ်း လို့ခေါင်းစဥ်ပေးရခြင်းအကြောင်းတွေကိုရှင်းပြထားသည်။ တနည်း အက်ဆေးဟု ယနေ့ခေါ်ကြသည်။ ဒီစာအုပ်ကိုဖတ်ပြီးမှ ကျနော်အက်ဆေးကိုသိခဲ့ သဘောကျခဲ့ရိုးမှန်ပါသည်။ "အက်ဆေးကိုဖတ်နေရသည့်နာရီဝက်အတွင်း၌ ဘာနှင့်တူပါသနည်းဆိုသော် အဖော်တစ်ယောက်နှင့် အေးအေးလူလူထိုင်ကာ သူ့စကားကိုနားထောင်နေရသည်နှင့်တူသည်" ဟုဆရာတိုက်စိုးဆိုခဲ့ဖူးတာကိုသွားသတိရမိသည်။ ဒီစာအုပ်လေးကလဲဖတ်ရတာကအေးအေးလူလူရှိလှသည်။
မောင်ထင် ကိုဒေါင်း
ကိုဒေါင်းကား သေလေပြီ၊ ကိုဒေါင်း သက်တော်ရာကျော် ရှည်ပါစေသတည်း ဆိုတဲ့ အရေးအသားတွေနဲ့ သရော်စာ တခေတ် ထူထောင်ခဲ့တဲ့ စာရေးဆရာကြီး မောင်ထင်ဟာ မတ်လ ၂၁ ရက်မှာ အသက် ၁၁ဝ ပြည်ခဲ့ပါပြီ။
- Get link
- X
- Other Apps
- Get link
- X
- Other Apps
Comments
Post a Comment
Drop your Thoughts!